လောကကြီးက ဟန်ဆောင်ကောင်းတယ်ဆိုတာ တကယ်ပဲလား၊၊၊၊၊၊၊၊
ဟန်ဆောင်မှုဆိုတာ တော်တော်ကြောက်ဖို့ကောင်းတာ.....
ခင်မင်ခဲ့ကြတယ်။နှစ်တွေတော်တော်များများပါပဲ...ပျော်ခဲ့ကြဖူးတယ်...စိတ်ကောက်ခဲ့ကြဖူးတယ်....နားလည်မှုတွေလွဲခဲ့ကြဖူးတယ်...ဒါပေမယ့်...နာကျည်းမှုဆိုတာ မြူတစ်မှုံစာတောင် မရှိခဲ့တာပါ....အခုတော့ ................
ဒါတွေအားလုံးဟာ ဟန်ဆောင်မှုတွေတဲ့လား၊။။။။။ယုံကြည်နိုင်စရာအကြောင်းတရား ဘာများရှိခဲ့မှာလဲ....
ဒါကြောင့်...ဗြောင်လိမ်ချင် လိမ်ပါ...ဟန်မဆောင်ပါနဲ့ ဆိုတဲ့ စကားလုံးက သိပ်ပြီးတန်ဖိုးရှိတာပဲ...
အကြောင်းအရာမပါတဲ့ ပို့စ် ကို သည်းခံပြီးဖတ်ရှုပေးပါအုံး.....
ဟန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အတွေ့အကြုံတစ်စိတ်တစ်ဒေသလေးကို ဆက်လက်တင်ပြပါအုံးမယ်....
Friday, November 30, 2007
ဟန်ဆောင်မှု
Posted by
ဝေနွယ်
at
9:39 PM
0
comments
Saturday, November 24, 2007
ဝါလည်းကျွတ်ပြီ
နေပြည်တော်ရဲ့ သီတင်းကျွတ် မီးထွန်းပွဲတော် တဲ့......
စည်မှစည်....ပျော်မှပျော်....
နေပြည်တော် မြို့မဈေး မြက်ခင်းပေါ်ကနေ မီးပုံးတွေ လွှတ်တင်တဲ့ အဖွဲ့တွေနဲ့ ကြက်ပျံမကျ စည်ကားနေသလို .... လျှေက်လည်နေကြတဲ့သူတွေလည်း
ပေါမှပေါ...မကြုံစဖူး ကြုံတွေ့ရတဲ့ မြင်ကွင်းတွေကြောင့် ကျွန်မ အတွက်တော့
ဒီနှစ် သီတင်းကျွတ်က ပြည့်စုံသွားပြီ...
ဒါပေမယ့် နားမလည်တာ တစ်ခုတော့ရှိတယ်..
ချစ်သူတွေ ဘာလို့ဝါကျွတ်မှ မင်္ဂလာဆောင်ကြတာလဲ...
အင်း....ကျွန်တော်စဉ်းစားလို့ ရသလောက်တော့ ဘုန်းကြီးတွေမအားလို့များလား..
(မင်္ဂလာဆွမ်းကျွေးတွေ ဘုန်းမပေးနိုင်လို့လေ)...
ဒါမှမဟုတ်ရင် ... မိုးရာသီရဲ့ စွတ်စိုမှုကြောင့် ဖိတ်ထားတဲ့သူအကုန်မလာမှာ စိုးလို့လား...
အင်း...ဒါလည်း ဖြစ်နိုင်တာပဲနော်...
ကဲ ... ၀ိုင်းပြီးစဉ်းစားပေးကြပါအုံး...
Posted by
ဝေနွယ်
at
7:58 PM
0
comments
Thursday, November 15, 2007
ရင်ထဲကဒဏ်ရာ

ဒီနေ့ရာသီဥတုကလည်း အေးတာနဲ့ ရင်ထဲမှာ တစ်ခုခုလိုနေသလိုပဲကွာ...
နေရတာမကောင်းဘူး..ဟာတာတာနဲ့ ဘာကြီးမှန်းကို မသိတာ....
သြော်...ဒီအချိန်မှာများ .....................ပြောတော့ဘူး .. ရင်ထဲမှာပဲ ထားတော့မယ်....တစ်ယောက်ထဲပဲ ခံစားတော့မယ်ကွာ...
ဖွင့်ပြောတော့ရော ဘာထူးလာမှာမို့လဲ...??? ဟာ................
တော်တော်မလွယ်ပါလားနော်....ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့မရ...
ကိုယ့်အပူကိုယ်ရှာ....ကိုယ့်မီးကိုယ်မွှေးခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ပါတော့မယ်၊
အိမ်လေး ထဲမှာပဲ တစ်ယောက်ထဲဆွေးနေတော့မယ်
Posted by
ဝေနွယ်
at
9:24 PM
0
comments
Wednesday, November 7, 2007
Tuesday, November 6, 2007
သြော်....ဘလော့ခ်ဘက် မလှည့်ဖြစ်တာလည်း အတော်ကြာပေါ့။စမ်းတ၀ါးဝါးနဲ့ ဘလော့ခ်လောက ထဲတော့ ရောက်လာပြီ။ကူညီကြပါအုံး။မသိတာတွေက အတော်များနေသေးတယ်။မိတ်ဆွေတို့ရဲ့အကူအညီတွေကို
မျှော်နေပါ့မယ်.........
Posted by
ဝေနွယ်
at
11:33 PM
0
comments
Thursday, October 25, 2007
Wednesday, October 17, 2007
Sunday, October 14, 2007
မေမေ
Posted by
ဝေနွယ်
at
3:46 AM
0
comments
ချစ်သူသိစေ
မင်းကို အမှတ်တမဲ့ မေ့သွားခဲ့တဲ့ နေ့ဆိုတာ
ငါ့ဘ၀ရဲ့ ရက်စွဲတွေမှာ
တစ်နေ့မှ မရှိခဲ့ပါဘူး
ငါ ပျော်ရွှင်နေတာတွေ
နင့်အတွက် မျှဝေပေးမယ်
ငါ့ရဲ့ ငိုကြွေးမှုတွေကို
ဘယ်သောအခါမှ
နင်မသိစေရဘူး
ဘာတွေကိုပဲ ဖြည့်ဆည်းရပါစေ
နင့်အတွက် ဆိုတဲ့ အသိလေးနဲ့တင်
ငါကျေနပ်ပါတယ်၊၊
အခွင့်အရေး တစ်ခုသာ ရှိခဲ့မယ်ဆိုရင်
မင်းရှေ့မှာ သက်သေထူပြချင်ပါတယ်၊၊
မင်းသိအောင် တစ်ခုလောက်တော့ ပြောပါရစေ
ငါ တကယ် ချစ်နေဆဲ ဆိုတာ
ထာဝရနော်................
Posted by
ဝေနွယ်
at
1:41 AM
0
comments
Saturday, October 13, 2007
Posted by
ဝေနွယ်
at
11:06 PM
0
comments
မြင့်မိုရ်ထက်မြင့်သော
နေခွင့် ရှိသေးတဲ့ အတွက်
မေမေ့ ကျေးဇူးတရားတွေကို တဖြည်းဖြည်း သိမြင်လာခဲ့ပြီး........
မေမေရယ်
မေမေ့ရဲ့ မေတ္တာတရားတွေဟာ ကြီးမားလွန်းလို့
မေမေ့ရဲ့ ကျေးဇူးတရားတွေဟာလည်း များပြားလွန်းလို့
မြင့်မိုတောင်ထက် မြင့်မားသေးတယ် ဆိုတာ
ူသမီး ဘယ်လို နှိုင်းယှဉ်ပြရပါ့မလဲ မေမေရယ်၊၊
Posted by
ဝေနွယ်
at
10:10 PM
0
comments
















