ကြင်နာခြင်း ပြည့်ဝနေတဲ့ မေ့မေ့ မျက်နှာ
ကရုဏာရိပ်တွေ သန်းလို့
မေ့မေ့ မျက်ဝန်းများ မော့ကြည့်စဉ်
ဖီလာ ကန့်လန့် အမြဲဆန့်ကျင်ခဲ့တဲ့
သမီး ခြေအစုံမှာ နောင်တတွေ တဖြုတ်ဖြုတ် စုပုံကျရင်း
အငြိမ်းချမ်းဆုံး ရင်ခွင်ဟာ
မေ့မေ့ ရင်ခွင်လို့ သိလိုက်ရတယ်၊၊
မြင့်ရာမှ နိမ့်ရာသို့
အမြဲ မပြတ် စီးဆင်းနေတဲ့ မြစ်ရေလို
ဖြူစင် မြင့်မြတ်တဲ့ မေမေ့ နှလုံးသားထက်က မေတ္တာတရားတွေ
သမီး ဘယ်လောက်ဆိုးဆိုး စီးဆင်းနေဆဲပဲ၊၊
အမြဲ ခွင့်လွှတ်တတ်တဲ့ မေမေ့ အနားမှာ
နေခွင့် ရှိသေးတဲ့ အတွက်
မေမေ့ ကျေးဇူးတရားတွေကို တဖြည်းဖြည်း သိမြင်လာခဲ့ပြီး........
မေမေရယ်
မေမေ့ရဲ့ မေတ္တာတရားတွေဟာ ကြီးမားလွန်းလို့
မေမေ့ရဲ့ ကျေးဇူးတရားတွေဟာလည်း များပြားလွန်းလို့
မြင့်မိုတောင်ထက် မြင့်မားသေးတယ် ဆိုတာ
ူသမီး ဘယ်လို နှိုင်းယှဉ်ပြရပါ့မလဲ မေမေရယ်၊၊










No comments:
Post a Comment