Sunday, October 14, 2007

ချစ်သူသိစေ


ချစ်သူ
မင်းကို အမှတ်တမဲ့ မေ့သွားခဲ့တဲ့ နေ့ဆိုတာ
ငါ့ဘ၀ရဲ့ ရက်စွဲတွေမှာ
တစ်နေ့မှ မရှိခဲ့ပါဘူး
ငါ ပျော်ရွှင်နေတာတွေ
နင့်အတွက် မျှဝေပေးမယ်
ငါ့ရဲ့ ငိုကြွေးမှုတွေကို
ဘယ်သောအခါမှ
နင်မသိစေရဘူး
ဘာတွေကိုပဲ ဖြည့်ဆည်းရပါစေ
နင့်အတွက် ဆိုတဲ့ အသိလေးနဲ့တင်
ငါကျေနပ်ပါတယ်၊၊
အခွင့်အရေး တစ်ခုသာ ရှိခဲ့မယ်ဆိုရင်
မင်းရှေ့မှာ သက်သေထူပြချင်ပါတယ်၊၊
မင်းသိအောင် တစ်ခုလောက်တော့ ပြောပါရစေ
ငါ တကယ် ချစ်နေဆဲ ဆိုတာ
ထာဝရနော်................

No comments: