Saturday, November 24, 2007

ဝါလည်းကျွတ်ပြီ

နေပြည်တော်ရဲ့ သီတင်းကျွတ် မီးထွန်းပွဲတော် တဲ့......
စည်မှစည်....ပျော်မှပျော်....
နေပြည်တော် မြို့မဈေး မြက်ခင်းပေါ်ကနေ မီးပုံးတွေ လွှတ်တင်တဲ့ အဖွဲ့တွေနဲ့ ကြက်ပျံမကျ စည်ကားနေသလို .... လျှေက်လည်နေကြတဲ့သူတွေလည်း
ပေါမှပေါ...မကြုံစဖူး ကြုံတွေ့ရတဲ့ မြင်ကွင်းတွေကြောင့် ကျွန်မ အတွက်တော့
ဒီနှစ် သီတင်းကျွတ်က ပြည့်စုံသွားပြီ...
ဒါပေမယ့် နားမလည်တာ တစ်ခုတော့ရှိတယ်..
ချစ်သူတွေ ဘာလို့ဝါကျွတ်မှ မင်္ဂလာဆောင်ကြတာလဲ...
အင်း....ကျွန်တော်စဉ်းစားလို့ ရသလောက်တော့ ဘုန်းကြီးတွေမအားလို့များလား..
(မင်္ဂလာဆွမ်းကျွေးတွေ ဘုန်းမပေးနိုင်လို့လေ)...
ဒါမှမဟုတ်ရင် ... မိုးရာသီရဲ့ စွတ်စိုမှုကြောင့် ဖိတ်ထားတဲ့သူအကုန်မလာမှာ စိုးလို့လား...
အင်း...ဒါလည်း ဖြစ်နိုင်တာပဲနော်...
ကဲ ... ၀ိုင်းပြီးစဉ်းစားပေးကြပါအုံး...

No comments: